Thursday, May 19, 2011

သက်ရှိအိမ်မက်

ထိုအရပ်တွင် စိမ်းစိုနေသော တောအုပ်ရှိသည်။ဖြည်းညှင်းစွာစီးဆင်းနေသော ရေတံခွန်သေးသေးလေးရှိသည်။
ထိုအရပ်တွင်...လူသားဆိုလို့ သူမတို့နှစ်ဦးသာရှိသည်။
ထိုအရပ်တွင်...ဖြူလွလွဖြင့်ကြည်လင်နေသောချစ်သူ၏အပြုံးများပန်းလိုကြွေကြသောအခါ ကောက်ယူသိမ်းဆည်းပိုင်ခွင့် ရှိသည်။ အချည်အနှောင်ကင်းနေသောချစ်သူ၏ ပုံရိပ်များကိုလွယ်လင့်တကူရှာတွေ့နိုင်သည်။ မီးလင်းဖိုမှအနွေးဓါတ်လို နွေးထွေးသည့်ချစ်သူ၏ လက်ချောင်းလှလှလေးများကို ဆုတ်ကိုင်နိုင်ခွင့်ရှိသည်။ ကျိန်စာသင့်ကာ ပုပ်သိုးနေသောပန်းသီးမရှိ၊အငြိုးတရားမရှိ၊ပာန်ဆောင်မှုများမရှိ။
နာနာကျင်ကျင် ငိုကြွေးသံများမရှိ။ ကျမ်းကျိန်ဆိုသံများမရှိ။

ဘယ်အရပ်ကိုရောက်နေတာလဲပာု ချစ်သူအားမေးမိချိန်တွင် သူကမျက်လွာအောက်ချကာ ဒါအိမ်မက်ပာု ပြန်ဖြေသည်။ သူမကတော့ အိမ်မက်တခု၏တည်နေရာကို အတိအကျသိလိုမိသည်။

အပြင်လောက၌ရင်ခုန်သံတချက်စာဝေးနေသောသူနှစ်ဦး၏ နှလုံးသားနှစ်ခုအား ထိုအိမ်မက်ထဲတွင် ဆံချည်မျှင်တမျှင်မျှဖြင့်သာ ပူးချည်လိုက်သောအခါ စွယ်တော်ရွက်တရွက်နှင့်တူသွားသည်။ ချစ်သူ၏နှလုံးသားထဲမှတလှုပ်လှုပ်ရွေ့လျားနေသော သေးသွယ်လှသည့် သွေးကြောလေးများကို
ဂရုတစိုက်နားထောင်ကြည့်လျှင်တော့ သူမ၏နာမည်ကိုကြားရနိုင်သည်။
ကဗျာ၎ ၅ ပုဒ်သာဖတ်ဖူးသည့်ချစ်သူသည် ဒီအိမ်မက်က ပြီးပြည့်စုံတဲ့ကဗျာပာု ပြောချိန်တွင်တော့
သူမ အသံထွက်အောင်ပင်ရယ်မောမိသည်။ ထို့နောက် ကိုယ့်အချစ်ဆုံးမိန်းကလေး ပာုဆိုကာ သူမ၏မျက်တောင်ရှည်ရှည်များကိုချစ်သူက နမ်းရှုံ့ချိန်တွင် မျက်တောင်တခတ်စာအချိန်တွင် သူ့အားမလွမ်းမိခြင်းအပေါ် နောင်တရမဆုံးဖြစ်သွားမိသည်။

သူမစိတ်ကြိုက်ချယ်မှုန်းထားသောဆီဆေးပန်းချီကားတချပ်တွင် လွမ်းဆွတ်ခြင်းပုံရိပ်တို့ ပါဝင်သည်။အိမ်မက်ထဲမှ လိပ်ပြာများက ထိုလွမ်းဆွတ်ခြင်းကိုသုတ်ယူသွားကြသောအခါ ပန်းချီကားမှာပန်းနုရောင်များဖုံးလွှမ်း သွားပြန်သည်။ တအံတသြဖြစ်နေသော သူမကို ချစ်သူကရယ်မောကာ မျက်လှည့်ကြည့်မလားပာု မေးသောအခါ အသာအယာခေါင်းငြိမ့်ပြမိသည်။
ချစ်သူ၏ဘယ်ဘက်ရင်ခွင်အပေါ်တွင် သူမလက်ညိုးကိုထောက်ခိုင်းစေပြီး Rose ပာုရေရွတ်လိုက်သည်။ ချက်ချင်းပင်ချစ်သူ၏ရင်ခွင်သည် နီစွေးလှပသောနှင်းဆီးပန်းခင်းတခုဖြစ်သွားသည်။ သူက ထိုနှင်းဆီပန်းခင်းထဲမှ အလှဆုံးသောနှင်းဆီပန်းကိုခူးကာ သူမကိုပန်ဆင်စေပြန်သည်။ အိမ်မက်တွေမှာရနံ့ပါတယ်ဆိုတာလူတွေကိုပြောပြမိရင် ရူးလိုက်တာလို့ မှတ်ချက်ချကြမှာပဲ။
သို့သော်လည်း သူမဆံကြားထဲမှ နှင်းဆီပန်းသည်ယဉ်ယဉ်ကျေးကျေးလေးကို မွေးကြိုင်နေကြောင်းကို
သူတို့မသိလို့သာ ထိုသို့တွေးကြသည်သာမပာုတ်ပါလော။ နှင်းဆီရနံ့တို့အနောက်ကိုလိုက်သွားလျှင်တော့ အနမ်းတခုပေါက်ဖွားရာ အစောဆုံးသက္ကရာဇ်ကို သိရှိနိုင်မည်ဖြစ်သည်။

အိမ်မက်အဆုံးတွင်တော့သူမသည် ချစ်သူအတွက် လင်းမြနေသောကြယ်တံခွန်တခုဖြစ်စေရန် ကောင်းကင်းပေါ်သို့ပျံသန်းသွားခဲ့ပါသည်။

0 comments: