Sunday, October 24, 2010

လရောင်နဲ့ထုပ်ပိုးထားသော ဝှက်ဖဲတစ်ချပ်



(၁)နွယ်များသည်ရစ်ပတ်တတ်သောသဘောတရားရှိကြသည်။ချည်နှောင်ရန်အားကုန်ထုတ်ခြင်းသည် နွယ်နှင့်ဆိုင်လျှင်လွတ်မြောက်ရန်ကြိုးစားမှုသည် အရစ်ပတ်ခံရသူနှင့်ဆိုင်လိမ့်မည်။


သူက စကား အတော်ပြောနိုင်သည်၊မမောနိုင်လောက်အောင်ကို ရေပက်မ၀င် စကားတောက်လျှောက် ပြောတတ်သည်။ ပြောရင်းတောင်ရောက် မြောက်ရောက် ဖြစ်သွားတတ်သည်။ နတ်သျှင်နောင်ရတုမှ ဒေါ်လာဈေးအကြောင်းရောက်သွားသည်။ထိုမှတဖန် ကမ္ဘာကြီး ပူးနွေးချင် နွေးနေပြန်သည်။ကတ်သီးကတ်ဖဲ့
ဲ့တွေးပြီး သူ့စိတ်နှင့်မတွေ့သူများကိုလဲ မညှာမတာဝေဖန်တတ်သည်၊။

စကားပြောလျှင်နှုတ်ခမ်းစွန်းနှစ်ခုကိုကွေးချပြီး ခပ်လှောင်လှောင် ပြုံးသည်။ ပြီးလျှင် ရယ်ကျဲကျဲနှင့် တဖက်သားကို မခံချင်လာအောင် ဆွပေးမည်။ ထိုလူ ဒေါသ ထွက်လာသော အခါတွင်တော့ ရင်ခေါင်းမှလာသော ရယ်သံဖြင့် ရယ်မောဦးမည်။
ကြာတော့ သူစကားပြောပာန်အား ကျမအလွတ်ကျက်မိပြီးသားဖြစ်သွားသည်။

အချိန်အပိုင်းခြားတစ်ခုသည်ကျမတို့အား ရင်းနှီးစေပါသည်။ ထိုအခါတွင် အလွန်လှသော အချစ် ဆိုသည့်အရာ ပေါက်ဖွားလာ ရခြင်းကိုကျမထွေထူးပြီး မအံသြမိတော့ပါ။

တစ်ခုသော ညတွင် ကျမတောနက်ထဲရောက်နေသည်ပာုအိမ်မက်မက်သည်။ရုတ်တရက်ဆိုသလို ကျမ အားကြီးမားလှသော နွယ်များလာရောက်ရစ်ပတ်ကြသည်။ သို့သော်လည်း အထိအတွေ့မှာ နူးညံ့လွန်း

မွန်းကျပ်ခြင်းကို မခံစားမိ။ကျမက နွယ်များနှင့်ကျမ ကြားရုံလောက်သာ တိုးညှင်းစွာ ဆိုမိသည်။

"ရုန်းထွက်လိုခြင်းသည်ငါ၏ရင်၌ ကိန်းအောင်းနေသည်မှာမှန်လျှင် နုထွေးသောနွယ်များ ငါ့အားနှောင်ရစ်ခြင်းက ကင်းကြပါ။"

(၂)ကံကော်တို့ရှက်ရိပ်သန်းတိုင်းသူနှုတ်ခမ်းဖျားတို့ပြုံးစေလို၏။

သူ့အား ငေးမောကြည့်မိရင်း ပန်းချီဆွဲချင်မိသည်။လက်ဆောင်အဖြစ်ပေးချင်
၍မပာုတ်ပါ။
ဦးတည်ချက် မရှိသောစိတ်ကူးလေးတစ်စသာ။
တကယ်တမ်းကျတော့ သူသည် ကျမအတွက် ဆေးချက်ပီပြင်သောပန်းချီကား တစ်ချပ်ထက် ပိုပြန်သေးသည်။
ပဉ္စလက်တွေကို မှရွေးပြီတင်ပြတတ်တဲ့ ကဗျာ၊
လေညင်းကို ဘာသာပြန်ထားသော ဂီတသံစဉ်၊
ပြန်
၍တွေးတိုင်း ရသသစ် ကိုစွန့် ပေးနိုင်သော စာအုပ်တစ်အုပ်၊
ငေး
၍ ငေးကာ ငေးမိစေစွမ်းရှိသော ကြယ်တစ်ပွင့်၊
မနိုးထစေချင်သော ယဉ်ယဉ်ကျေးကျေး အိမ်မက်တစ်စု။


သူသည်ရံဖန်ရံခါ၌ လေတိုက်၍ ယိမ်းခါသွားသော ပန်းဝတ်မှုန်လေးလို ညင်သာသည်။ရံဖန်ရံခါ၌လည်း နှင်းပုလဲဥတို့ဖြင့် စိုဆွတ်နေသော ပွင့်ချပ်လေးများလို နှုးညံ့သည်။ ရံဖန်ရံခါတွင်လည်း ဆောင်းလေကို
အံတုနိုင်သော ပန်းလည်တိုင်လို သေသပ်ခိုင်မာပြန်သည်။ရံဖန်ရံခါ၌မူ မိုးနှင့်အတူပါလာလေ့ရှိသော ပန်းရနံ့ 
လိုမွှေးပျံ့သင်းလေသည်။ရံဖန်ရံခါတွင်တော့ မာဆတ်ဆတ် နိုင်လှသော ဆူးကလေးများကဲ့သို့

မထီလေးစား နိုင်တတ်သည်။


ရံဖန်ရံခါ မပာုတ်ခြင်းတစ်ခုမှ
နှင်းဆီနီစွေးစွေး ကဲ့သိုရဲရင့်လှသော ဓါးတစ်လက်၏ဓလေ့ကို အမြဲတစေ
ကျင့်သုံး ထားသူ ဖြစ်သည်။

ငယ်စဉ်က ဖတ်ဖူးသောပုံ ပြင်၌ လမင်းအား ရေပုံးထဲသို့ထည့်ကာဖမ်းသော
သတ္တဝါ ကို သနားမိသည်။
အဘယ်ကြောင့်
ဤမျှ လောဘကြီး ရပါသနည်း။
ကျမကတော့ လမင်းထံမှ အလင်းတစ်မူန်သာ အလိုရှိပါသည်။ လမင်းတစ်ခုလုံးအား သိမ်းဆည်းချင်သည့်
သတ္တဝါလေး နှင့် ယှဉ်လျှင်တော့ ကျမသည် လောဘနည်းသူ ဖြစ်ပါလိမ့်မည်။ တကယ်တမ်းတော့ အလင်းတစ်မှုန်ကိုသာ ထိန်းသိမ်းချင်ခဲ့သူ ကျမက သတ္တိနည်းသူတစ်ဦးလေ..။
အလင်းတစ်မှုန်အတွက် လောက်သာ မိမိကိုယ်ကိုယုံကြည်မှုရှိသူ...

(၃)စံပယ်ပန်းနံ့တို့မွှေး
၍ နေလေသည်။ စံပယ်ရနံ့တို့သည်သူ့အားထွေးပိုက် ရစ်ခြုံထားလေသည်။

ထိုနေ့က မှတ်မှတ်ရရ စံပယ်တစ်ဆုပ်သူ့လက်ထဲမှလွတ်ကျလာသည်။

အချို့မှာ... မြေပြင်သို့ဆင်းသက်ကျသည်။
အချို့မှာ... ကျမ၏လက်ဖ၀ါး၌ နားခိုကြ၏။
အချို့မှာမူ... ကျမ၏ ပုခုံးစွန်းတွင် တင်ကျန်ရစ်သည်။
အချို့ကား......ကျမ၏ ဦးခေါင်းထက်တွင် ပွင့်လန်းကြကုန်သည်။

စံပယ်တွေကလှလိုက်တာ...
ကောင်းကင်က တိမ်ပြာပြာနဲ့အပြိုင် ကို လှနေတာ...
လိပ်ပြာသန့်သန့်တင့်တယ်နေသော အလှသည် သိမ်းဆည်းဖို့အကောင်းဆုံး အမှတ်တရဖြစ်နိုင်သည်။

စက္ကူစွန်နှင့် ရစ်ဘီး၏ ဆက်နွယ်မှုမျိုး ကိုကျမ တူးတူးခါးခါး မုန်းပါသည်။ စွန်သည် ကောင်းကင်၌ လွတ်လပ်စွာပျံသန်းခွင့်ရသည်ပာု အချို့က ထင်ကြသည်။အလကား စကားတွေ။
ဘယ်မှာများ လွတ်လပ်စွာ ပျံလို့ရနိုင်သလဲ။
ရစ်ဘီးရဲ့ထိန်းချုပ်မူအောက်က
စက္ကူတစ်စသည် လွတ်လွတ်လပ်လပ် ပျံနိုင်သတဲ့လား။ တကယ်က စွန်သည် ရစ်ဘီးဆီမှာ နည်းစနစ်ကျနစွာနဲ့ကို ကြိုးတုပ် ခံထားရခြင်းသာ မပာုတ်လား။
ကျမ ရစ်ဘီး မဖြစ်လို။ ထိုသို့ပင် သူ့အား စွန်ကလေး မဖြစ်စေချင်ခဲ့။
ပြောရဲပါသည်...ကျမ စေတနာတို့ တိမ်ထက်ပင်ပိုဖြူခဲ့သည်။

(၄)မေ့နေခဲ့သည်အချက်မှာ နှလုံးသွေးခုန်နှုန်းတစ်ချက်သည် ပုံပြင်တစ်ပုဒ် ပြောပြရန်တော့ စကားလုံး အလုံအလောက် ရှိနေခြင်းပင် ဖြစ်သည်။

သူသည် နှင်းစက်တို့ ညည်းသံကို မကြားရသော နွေဦးပေါက်၌ ထွက်သွားခဲ့သည်။

ကျမကတော့ အလေ့ကျ ပေါက်လေ့ပေါက်ထ ရှိသော သံယောဇဉ် တို့ကို အားနာစွာ ငဲ့ကြည့်မိသည်။ အနည်းဆုံးတော့ သူတို့အား ကျမ တောင်းပန်စကား ဆိုသင့်သည်ထင်သည်။ လက်ဆွဲနှုတ်ဆက် ကြည့်တော့ သူတို့က သွားတော့နော် ပာုဆိုသည်။ သြော်..သံယောဇဉ်တွေက အဆုံးမရှိအောင် ယဉ်ကျေးလိုက်ကြတာ။

ိထိုနောက် ခပ်ရေးရေး မြင်ရသေးသည့် သူ့ကျောပြင်အား လှမ်းကြည့်မိသည်။
သူ့အကြောင်းကို ကျမ အသေးစိတ်မသိခဲ့ပါ။ လရောင်နဲ့ သေသေသပ်သပ် ထုတ်ပိုးထားသော ၀ှက်ဖဲတစ်ချက်အား ဖွင့်ကြည့်ဖို့ ကို ကျမ မည်သည်အခါကမှ စိတ်မကူးဖူးသောကြောင့်ပင်ဖြစ်သည်။

သူသည် ကျမ၏ ကိုယ်ပိုင် အနုပညာစလေးတစ်စ ဖြစ်ခဲ့သည်။ထိုအရာလေး ကို ရှုပ်ထွေးလှသော ဘ၀အရေးတို့နဲ မရောရက်ခဲ့ပါ။
အဘယ်အငြိုးအတေး ကြောင့် လှောင်ချိုင့်ထဲ ရော ထည့်ရက်ပါ့မလဲ။ လွင့်၍ပျော်ကာ၊ ပျော် သာလွင့်စေလိုသည်။

သေချာသည်က သူ အသည်းမကွဲသွား ခဲ့ပါ။ ကျမလည်း လွမ်းမကျန်ရစ်ခဲ့ပါ။ သို့သော်လည်း မိုးဦး ကာလ၌ ပွင့်လန်းသော စံပယ်များကိုမြင်တိုင်းတော့ မတော်တဆ သတိရတတ်သည်။

0 comments: