ကိုယ်ကဖြေသိမ့်တတ်စွာနဲ့ ကျန်ခဲ့ရတဲ့သူပါ..
ဝေးသွားလိုက်တာနော်..
ရင်ခုန်သံတွေမိုင်ပေါင်းမျာစွာခြားသွားအောင်ကိုပဲ...
ပတ်သတ်ဖူးတာတွေက"ချို"လွန်းတော့စောဒကတတ်စရာအကြောင်းမရှိ
သြော်....ပာန်ဆောင်မှုနဲ့နာကျည်းခြင်းကြားက....မချစ်ရဲ..မမုန်းရဲခဲ့တဲ့အဖြစ်....
နွေတစ်ဝက်..မိုးတစ်ဝက်မက်မက်ခဲ့ရတဲ့အိမ်မက်
"နှင်းဆီအိမ်မက်တွင်ပါစေ..."
မပျော်တတ်တော့ဖူးလို့ ကိုယ်မညာပါဖူး.
ဒါပေမဲ့ကိုယ့်ကိုကိုယ်ညာရင်းပျော်အောင်နေခဲ့ပါတယ်...
အဖြူမကျ..ပန်းရောင်မရောက်သက္ကရာဇ်တွေကို
ိုခုချိန်ထိတွေးရင်းနဲ့......
ရင်ခုန်သံတွေကပြိုလုနီးပါးဖြစ်ဆဲပါပဲကွယ်...
့ဒီတော့လဲသံယောဇဉ်တချို့ ကို
ပန်းလိုသီရင်းတိုးတိုးလေးညည်းမယ်...
လွမ်းတယ်...
ဘာနဲ့မှမရောထားတဲ့ကိုယ့်အလွမ်းတွေ....
"ဆည်းဆာအလွမ်းမည်ပါစေ..."
ကိုယ်ကဖရိုဖရဲနှောင်ကြိုးတွေကိုမှအပာုတ်ထင်နေခဲ့တာ..
ရင်ခွင်ကိုကောင်းကင်နဲ့ ယှဉ်ပြီးဖွင့်ပာမိသွားတဲ့အခါ....
အုပ်မိုးစရာမာနတွေက....မှုန်ဝါးပျောက်ပျက်သွားတာ ရှာမတွေတော့လောက်အောင်ကို......
ကားလိပ်တွေချမှပွဲစဖို့ကြိုးစားမိတဲ့မိန်းမ...
ကြည့်စမ်း...ဘယ်လောက်များရူးနှမ်းလိုက်ပါသလဲ...
လက်ခုပ်သံမပါတဲ့ဇာတ်လမ်းအဆုံးကို....
ကမ္ဘာဦးလမ်းခွဲခေါ်ပါစေ။
၁၂.၁၁.၀၉
၁း၄၆ a.m
ရေးရေးပြီးခြင်းတင်လိုက်တာပါ....

5 comments:
wow nice, I like it!! Keep on it :atb
thank you :)
sis poem tway ka tot yay lae mite tal...
နောက်ဆုံး အချပိုဒ်လေးတွေ အကြိုက်ဆုံးပါပဲ ....
နှင်းဆီအိပ်မက် တွင်ပါစေ
ဆည်းဆာအလွမ်းမည်ပါစေ
ကမ္ဘာဦးလမ်းခွဲ ခေါ်ပါစေ ... တဲ့
လှလိုက်တာ
ကို Harry ရေ..ကျေးဇူးပါရှင်း)
Post a Comment