Thursday, May 19, 2011
သက်ရှိအိမ်မက်
ထိုအရပ်တွင် စိမ်းစိုနေသော တောအုပ်ရှိသည်။ဖြည်းညှင်းစွာစီးဆင်းနေသော ရေတံခွန်သေးသေးလေးရှိသည်။
ထိုအရပ်တွင်...လူသားဆိုလို့ သူမတို့နှစ်ဦးသာရှိသည်။
ထိုအရပ်တွင်...ဖြူလွလွဖြင့်ကြည်လင်နေသောချစ်သူ၏အပြုံးများပန်းလိုကြွေကြသောအခါ ကောက်ယူသိမ်းဆည်းပိုင်ခွင့် ရှိသည်။ အချည်အနှောင်ကင်းနေသောချစ်သူ၏ ပုံရိပ်များကိုလွယ်လင့်တကူရှာတွေ့နိုင်သည်။ မီးလင်းဖိုမှအနွေးဓါတ်လို နွေးထွေးသည့်ချစ်သူ၏ လက်ချောင်းလှလှလေးများကို ဆုတ်ကိုင်နိုင်ခွင့်ရှိသည်။ ကျိန်စာသင့်ကာ ပုပ်သိုးနေသောပန်းသီးမရှိ၊အငြိုးတရားမရှိ၊ပာန်ဆောင်မှုများမရှိ။
နာနာကျင်ကျင် ငိုကြွေးသံများမရှိ။ ကျမ်းကျိန်ဆိုသံများမရှိ။
ဘယ်အရပ်ကိုရောက်နေတာလဲပာု ချစ်သူအားမေးမိချိန်တွင် သူကမျက်လွာအောက်ချကာ ဒါအိမ်မက်ပာု ပြန်ဖြေသည်။ သူမကတော့ အိမ်မက်တခု၏တည်နေရာကို အတိအကျသိလိုမိသည်။
အပြင်လောက၌ရင်ခုန်သံတချက်စာဝေးနေသောသူနှစ်ဦး၏ နှလုံးသားနှစ်ခုအား ထိုအိမ်မက်ထဲတွင် ဆံချည်မျှင်တမျှင်မျှဖြင့်သာ ပူးချည်လိုက်သောအခါ စွယ်တော်ရွက်တရွက်နှင့်တူသွားသည်။ ချစ်သူ၏နှလုံးသားထဲမှတလှုပ်လှုပ်ရွေ့လျားနေသော သေးသွယ်လှသည့် သွေးကြောလေးများကို
ဂရုတစိုက်နားထောင်ကြည့်လျှင်တော့ သူမ၏နာမည်ကိုကြားရနိုင်သည်။
ကဗျာ၎ ၅ ပုဒ်သာဖတ်ဖူးသည့်ချစ်သူသည် ဒီအိမ်မက်က ပြီးပြည့်စုံတဲ့ကဗျာပာု ပြောချိန်တွင်တော့
သူမ အသံထွက်အောင်ပင်ရယ်မောမိသည်။ ထို့နောက် ကိုယ့်အချစ်ဆုံးမိန်းကလေး ပာုဆိုကာ သူမ၏မျက်တောင်ရှည်ရှည်များကိုချစ်သူက နမ်းရှုံ့ချိန်တွင် မျက်တောင်တခတ်စာအချိန်တွင် သူ့အားမလွမ်းမိခြင်းအပေါ် နောင်တရမဆုံးဖြစ်သွားမိသည်။
သူမစိတ်ကြိုက်ချယ်မှုန်းထားသောဆီဆေးပန်းချီကားတချပ်တွင် လွမ်းဆွတ်ခြင်းပုံရိပ်တို့ ပါဝင်သည်။အိမ်မက်ထဲမှ လိပ်ပြာများက ထိုလွမ်းဆွတ်ခြင်းကိုသုတ်ယူသွားကြသောအခါ ပန်းချီကားမှာပန်းနုရောင်များဖုံးလွှမ်း သွားပြန်သည်။ တအံတသြဖြစ်နေသော သူမကို ချစ်သူကရယ်မောကာ မျက်လှည့်ကြည့်မလားပာု မေးသောအခါ အသာအယာခေါင်းငြိမ့်ပြမိသည်။
ချစ်သူ၏ဘယ်ဘက်ရင်ခွင်အပေါ်တွင် သူမလက်ညိုးကိုထောက်ခိုင်းစေပြီး Rose ပာုရေရွတ်လိုက်သည်။ ချက်ချင်းပင်ချစ်သူ၏ရင်ခွင်သည် နီစွေးလှပသောနှင်းဆီးပန်းခင်းတခုဖြစ်သွားသည်။ သူက ထိုနှင်းဆီပန်းခင်းထဲမှ အလှဆုံးသောနှင်းဆီပန်းကိုခူးကာ သူမကိုပန်ဆင်စေပြန်သည်။ အိမ်မက်တွေမှာရနံ့ပါတယ်ဆိုတာလူတွေကိုပြောပြမိရင် ရူးလိုက်တာလို့ မှတ်ချက်ချကြမှာပဲ။
သို့သော်လည်း သူမဆံကြားထဲမှ နှင်းဆီပန်းသည်ယဉ်ယဉ်ကျေးကျေးလေးကို မွေးကြိုင်နေကြောင်းကို
သူတို့မသိလို့သာ ထိုသို့တွေးကြသည်သာမပာုတ်ပါလော။ နှင်းဆီရနံ့တို့အနောက်ကိုလိုက်သွားလျှင်တော့ အနမ်းတခုပေါက်ဖွားရာ အစောဆုံးသက္ကရာဇ်ကို သိရှိနိုင်မည်ဖြစ်သည်။
အိမ်မက်အဆုံးတွင်တော့သူမသည် ချစ်သူအတွက် လင်းမြနေသောကြယ်တံခွန်တခုဖြစ်စေရန် ကောင်းကင်းပေါ်သို့ပျံသန်းသွားခဲ့ပါသည်။

Tuesday, February 1, 2011
ဗျာဒိတ်တော်(၁၃)
သတိထားမိချိန်မှာတော့ ကိုယ်ကချောက်ကမ်းပါးစွန်းတစ်ခုမှာ မထီတရီ ရပ်လို့လေ။ ပိာုး.....အောက်ကိုငုံ့ကြည့်မိတော့ မှောင်မှောင်မဲလို့ရယ်။ နေဦး...နေဦး...ပြာလဲ့လဲ့မျက်ဝန်းတစ်စုံ မြင်လိုက်တယ်လို့ ပြောရင်အံသြသွားမှာပဲနော်၊ ပာင့်အင်း ..ကိုယ်မညာပါဘူး။တကယ့် ကိုမြင်လိုက်ရတာ...
အမှန်တရားပါ ကွယ်..အမှန်တရားပါ။ ဒါပေမဲ့ ရင်တည့်တည့်ကို ဓါးစိုက်သွင်း လိုက်သလိုပဲ။ နှလုံးသွေးတွေ မည်းနက် သွားလောက်အောင် နာစေခဲ့တာမျိုးပေါ့ ။ နေထွက်ရာကို တူရှုလမ်းလျှောက်လာသူ တချို့တော့ကျေနပ် လောက်ပါတယ်။
ကျိန်စာသင့်နေတဲ့သစ်သီးမှာမှ အချစ်ကိုရှာတွေ့ခဲ့မိတာ။ အထိတ်တလန့် နဲ့သိလိုက်ချိန် မှာသစ်သီးက ကိုယ့်နှလုံးသားထဲ တစ်ဆို့လို့...။ ထွေးအံပစ်ဖို့အထိလည်းမစဉ်းစားမိပြန်ဘူး။
တကယ်တော့ တိမ်တွေလွင့်လာတိုင်း မိုးရွာမယ်ထင်နေတာ ကိုယ့်မရင့်ကျက်မူတွေလေ။ မလိုချင်ဘူး
မလိုချင်ဘူး ပြောပြီး ရက်သတ္တတစ်ပတ်ရဲ့ နေ့စွဲတစ်ရက်၊ နေ့ စွဲတစ်ရက် ရဲ့ နာရီလက်တံတချို့ ကို ယစ်ဝေမှုးပြီး လက်ဖြန့်တောင်း နေမိတာ။ နောက်ကျနေပြီဆိုတာ သိရက် နဲ့ကှို ဒဏ္ဍာရီတစ်ပုဒ် မှာမင်းသမီးလေး ဖြစ်ချင်နေခဲ့တယ်။
ချစ်သူ ကိုချစ်သူလို့တောင် အမည်မတပ်ရဲတဲ့အချစ် အသုံးမကျလိုက်တာကွယ်။ ဒီအတွက် ကိုယ့်ကို ခွင့်မလွတ်လိုက် နဲ့ နော်။ နောင်ဘ၀တော့ နီးကြမယ် ဆိုတာ ကိုယ့်တို့အတွက် နှစ်သိမ့်စကားများလား။ လျှို့ဝှက်ချက် မပါတဲီ့
တခါတလေ အတွေးတွေရိုင်းရိုင်းသွားလို့ တရားချ ခဲ့ရပေါင်းများပြီ။ ချခဲ့တဲ့တရား တွေက ကိုယ့်ကို သိမ်သိမ်မွေ့မွေ့လေး ပြန်ပြန်သတ်တာများနေတော့ ကတုံကယင်နဲ့ နာကျင်ဖို့ တောင်မေ့သွားရတယ်။ စနစ်တစ်ကျ ပျိုးခဲ့တဲ့ နှလုံးသားပေါ် က ပန်းပွင့်လေး ကိုသတ်ပစ်ဖို့အထိကျမ်းစာတချို့ကလည်း ကရုဏတရား ခေါင်းပါးတတ်ကြတယ်။ ကိုယ့်ကိုဆုံးမစကားပြောသူတွေပာာ ပုံကြီး ချဲ့သူတွေပါကွာ။ နွေကိုကြိုမယ့် ရယ်သံတစ်ချက်ကို တက်မက်မိတာ အတွက် သူတို့ပေးတဲ့ သင်ခန်းစာက ဒဏ်ရာအပြည့်နဲ့ အိတ်တစ်လုံး။
သိလား အချစ်..မနက်ခင်းတွေက သိပ်ကျီစယ်လွန်းတယ်။ ကိုယ့်အတွက် နေမထွက်တဲ့အရုဏ် တွေများလာ လိုက်တာ။ တစ်ဖြည်းဖြည်း နဲ့မှောင်လာရတဲ့အကြောင်းကို ကိုယ်တို့နှစ်ယောက်လုံး နားလည်တယ်။ (လက်တော့မခံချင်ဘူးပေါ့) ။အမှောင်ထဲ ကြည်လဲ့နေတဲ့ သစ္စာအက္ခရာ ကိုထုဆစ်နေတာ မွန်းကျပ်ဖို့ တောင်မေ့သွားရဲ့။ မရှိခဲ့ဖူးတဲ့ နောင်တအတွက် နောင်တဘာလို့ရမလဲနော်။
ဒါပေမဲ့ တစ်ရွေ့ ရွေ့နဲ့ အောင်စည်တီးပြီး ရောက်လာကြမယ့် (နောင်ကိုယ့်အပိုင်ဖြစ်ရမယ့်) ရိုက်သံခါးခါး တွေကို သိပ်ကြောက်တယ်။
အရာအားလုံး ကိုမထုံတတ်တေးကြည့်တတ်တဲ့ အတတ်က စေတန်ရဲ့ဗျာဒိတ်တော်များလား။ ဇာတာတွေ၊ ကြမ္မာတွေ ကမတရားခဲ့လိုက်ကြတာ။ကိုယ်အတွက်ဆို တခဏလေးတောင် လင်း မပေးချင်ကြဘူး။နတ်ဆိုး
တွေကကြည့်မှန်တစ်ချပ်ဖွက်ထားခဲ့လို ကိုယ့်ကိုယ်ကို ဂဃနဏ မသိခဲ့ရတာလဲကြာပြီ။ သိဖို့လည်းဘယ်တုန်း
ကမှ မကြိုးစားဖူးဘူး။ အဖြူဆွတ်ဆွတ် ဆိုတာ စံပါယ်တစ်ကုံးစာ အတွက်လောက်ပဲလှတာ။
ရင်ခုန်သံတွေ က အရောင်အဆင်း မရှိအောင်ရုပ်ဆိုးသတဲ့၊လူတွေသိအာင် ရှင်းမပြနဲ့ အချစ်ရယ်။ နဂါးတွေ သူတို့နှလုံးသား ဆီ ခေါင်းလှည့်မယ့် တနေ့မှာတော့ နားလည်လာကြမယ်ထင်ရဲ့ ။ဆောင်းလေပြင်း က သူတို့မညှာတာမှုတွေ အတွက် ဒဏ်ခတ် ပါလိမ့်မယ်။ အဲဒီအခါမှ ကိုယ့်နှလုံးသွေးတွေ က နှင်းကာအဖြစ် မင်းကို ကာရံ တာသူတို့မြင်စေ့မယ်။ နေထွက်ရာလမ်း လိုက်သူတွေလဲ မှင်သက်ကုန်အံ့။
ကိုယ်တို့အကြောင်း ဆေးစက်တွေနဲ့ဘာလို့ပန်းချီဆွဲမလဲ။
ပာုတ်တယ်။ကိုယ်တို့ အကြောင်း စာနာလို့ ကဗျာရေးမယ့် နတ်သမီးလည်း ပေါ်လာရမှာပေါ့ ။
မြောက်အရပ် ကအလည်ကြွလာ တဲ့နှင်းတစ်စ ကိုဖမ်းဆုတ်လိုက်ရင်း နားစွင့်မိတယ်။
ပောာ..ခေါ်သံ..ပာုတ်ပါရဲ့...ကိုယ့်နာမည်ကို တိုးရှရှလေး နဲ့ တရင်းတနှီး ခေါ်နေတဲ့အသံ။
ပြာလဲ့လဲ့ မျက်ဝန်းတစ်စုံပာာ အသံ ပိုင်ရှင်များလား။
ဒါဆို ကိုယ် ခုန်ဆင်းလာရမှာပေါ့။
ပာုတ်လား အချစ်?
Friday, December 17, 2010
စာ
မဖတ်ရတာ ကြာပြီဖြစ်သော စာကို မြင်ရ၊ဖတ်ရသောအခါ အားငယ်စွာ တုန်လှုပ်ပုံ၊ အကြောက်အကန် ငြင်းဆန်ပုံ ၊ တည်ငြိမ်အောင် အားယူရပုံ တို့ကကြုံရမြဲပင်ဖြစ်သည်။
မပြောင်းလဲ၊နည်းနည်းလေးမှကို မပြောင်းသွား။
အထက်စီးမှ ပြောပုံ၊ဆိုပုံ၊ သရော်စိတ်ဖြင့် ပာားတိုက်တတ်ပုံ။ဘာဆိုဘာမှကို မပြောင်း။
ဖွားဖက်တော်ပာု သတ်မှတ်ရလောက်အောင် မခွဲအတူရှိနေတတ်သည့် ဘာမထီအပြုံးတော့ မြင်ချင်လွန်းလှသည်။
(စိမ်းလဲ့ နှင့် ထွန်းသာ)

Friday, December 10, 2010
Why?
There are things I really can't say out loud....
Don't you see me in your dream like I do?
Can't I even deserve that?
Its my pleasure picking up all the pieces of my heart that you break.
Don't be surprised as love can be that blind at times.
I
miss
you
pretty
badly
.
..
.....

Saturday, October 30, 2010
တစ္ဆေ
အိပ်လို့မရ
ညကြီးမင်းကြီး၊ ထပြီးထိုင်နေ
မွေ့ရာတွေလည်း၊ကြေမွတွန့်လိပ်
သိပ်စိတ်ညစ်တယ်၊သတိပြယ်လွင့်
ခိုတွယ်စရာ အတည်မရ။
အပြင်ဘက်မှာ
သစ်ရွက်တွေကြား၊ကြယ်လေးငါးပွင့်
စံကားပင်အို၊ကန်ရေစိုစွတ်
ဟိုမှာ လှုပ်လှုပ်၊ငုတ်တုတ်လက်ကမ်း
စမ်းလျှောက်သွားနေ၊မြက်ချုံတွေထဲ
တစ္ဆေ ငါကိုယ်တိုင်ပါပဲ။
ခုတင်ခြေရင်း
ပြေးနင်းရှပ်ရှပ်၊မတ်တတ်ထလိုက်
ခန်းဝကိုလာ၊၀ရန်တာမှာ
သည်မှာတစ်ယောက်၊တစ္တေခြောက်လှန့်
ကြောက်ကြောက်နှင့်ကြည့်၊မျက်နှာလှည့်စမ်း
တည့်တည့်လှမ်းမြင်၊အော်ငိုချင်မိ
တစ်ဆင်တည်းပဲ သူနဲ့ ငါ။
မြစ်နက်ထဲမှာ
ငါရေနစ်မြုပ်၊ချမ်းပြီးကုပ်နေ
ကုက္ကိုကိုင်းကြား၊ငါနေနားလိုက်
ဘုရားရှေ့မှောက်၊ဒူးထောက်ရောက်ပြန်။
မောပန်းလျနှင့်
တစ်ယောက်သောငါ၊ငါများစွာမှ
ထလာ လွင့်ပါး၊ငိုသံပါနှင့်
ဘာမှမကြား၊မောင့်အနားမှာ
“ထသွားစို့ဆို၊မေ့ကိုအိပ်မက်
မမက်ဘူးလား´´၊တစ္ဆေ ဖြားယောင်း
မှုန်မွှားစိတ်ဝယ် အရိပ်ထင်။
ကြည်အေး။
Sunday, October 24, 2010
လရောင်နဲ့ထုပ်ပိုးထားသော ဝှက်ဖဲတစ်ချပ်
(၁)နွယ်များသည်ရစ်ပတ်တတ်သောသဘောတရားရှိကြသည်။ချည်နှောင်ရန်အားကုန်ထုတ်ခြင်းသည် နွယ်နှင့်ဆိုင်လျှင်လွတ်မြောက်ရန်ကြိုးစားမှုသည် အရစ်ပတ်ခံရသူနှင့်ဆိုင်လိမ့်မည်။
သူက စကား အတော်ပြောနိုင်သည်၊မမောနိုင်လောက်အောင်ကို ရေပက်မ၀င် စကားတောက်လျှောက် ပြောတတ်သည်။ ပြောရင်းတောင်ရောက် မြောက်ရောက် ဖြစ်သွားတတ်သည်။ နတ်သျှင်နောင်ရတုမှ ဒေါ်လာဈေးအကြောင်းရောက်သွားသည်။ထိုမှတဖန် ကမ္ဘာကြီး ပူးနွေးချင် နွေးနေပြန်သည်။ကတ်သီးကတ်ဖဲ့
ဲ့တွေးပြီး သူ့စိတ်နှင့်မတွေ့သူများကိုလဲ မညှာမတာဝေဖန်တတ်သည်၊။
စကားပြောလျှင်နှုတ်ခမ်းစွန်းနှစ်ခုကိုကွေးချပြီး ခပ်လှောင်လှောင် ပြုံးသည်။ ပြီးလျှင် ရယ်ကျဲကျဲနှင့် တဖက်သားကို မခံချင်လာအောင် ဆွပေးမည်။ ထိုလူ ဒေါသ ထွက်လာသော အခါတွင်တော့ ရင်ခေါင်းမှလာသော ရယ်သံဖြင့် ရယ်မောဦးမည်။
ကြာတော့ သူစကားပြောပာန်အား ကျမအလွတ်ကျက်မိပြီးသားဖြစ်သွားသည်။
အချိန်အပိုင်းခြားတစ်ခုသည်ကျမတို့အား ရင်းနှီးစေပါသည်။ ထိုအခါတွင် အလွန်လှသော အချစ် ဆိုသည့်အရာ ပေါက်ဖွားလာ ရခြင်းကိုကျမထွေထူးပြီး မအံသြမိတော့ပါ။
တစ်ခုသော ညတွင် ကျမတောနက်ထဲရောက်နေသည်ပာုအိမ်မက်မက်သည်။ရုတ်တရက်ဆိုသလို ကျမ အားကြီးမားလှသော နွယ်များလာရောက်ရစ်ပတ်ကြသည်။ သို့သော်လည်း အထိအတွေ့မှာ နူးညံ့လွန်း၍
မွန်းကျပ်ခြင်းကို မခံစားမိ။ကျမက နွယ်များနှင့်ကျမ ကြားရုံလောက်သာ တိုးညှင်းစွာ ဆိုမိသည်။
"ရုန်းထွက်လိုခြင်းသည်ငါ၏ရင်၌ ကိန်းအောင်းနေသည်မှာမှန်လျှင် နုထွေးသောနွယ်များ ငါ့အားနှောင်ရစ်ခြင်းက ကင်းကြပါ။"
(၂)ကံကော်တို့ရှက်ရိပ်သန်းတိုင်းသူနှုတ်ခမ်းဖျားတို့ပြုံးစေလို၏။
သူ့အား ငေးမောကြည့်မိရင်း ပန်းချီဆွဲချင်မိသည်။လက်ဆောင်အဖြစ်ပေးချင်၍မပာုတ်ပါ။
ဦးတည်ချက် မရှိသောစိတ်ကူးလေးတစ်စသာ။
တကယ်တမ်းကျတော့ သူသည် ကျမအတွက် ဆေးချက်ပီပြင်သောပန်းချီကား တစ်ချပ်ထက် ပိုပြန်သေးသည်။
်ပဉ္စလက်တွေကို မှရွေးပြီတင်ပြတတ်တဲ့ ကဗျာ၊
လေညင်းကို ဘာသာပြန်ထားသော ဂီတသံစဉ်၊
ပြန်၍တွေးတိုင်း ရသသစ် ကိုစွန့် ပေးနိုင်သော စာအုပ်တစ်အုပ်၊
ငေး၍ ငေးကာ ငေးမိစေစွမ်းရှိသော ကြယ်တစ်ပွင့်၊
မနိုးထစေချင်သော ယဉ်ယဉ်ကျေးကျေး အိမ်မက်တစ်စု။
သူသည်ရံဖန်ရံခါ၌ လေတိုက်၍ ယိမ်းခါသွားသော ပန်းဝတ်မှုန်လေးလို ညင်သာသည်။ရံဖန်ရံခါ၌လည်း နှင်းပုလဲဥတို့ဖြင့် စိုဆွတ်နေသော ပွင့်ချပ်လေးများလို နှုးညံ့သည်။ ရံဖန်ရံခါတွင်လည်း ဆောင်းလေကို
အံတုနိုင်သော ပန်းလည်တိုင်လို သေသပ်ခိုင်မာပြန်သည်။ရံဖန်ရံခါ၌မူ မိုးနှင့်အတူပါလာလေ့ရှိသော ပန်းရနံ့ 
လိုမွှေးပျံ့သင်းလေသည်။ရံဖန်ရံခါတွင်တော့ မာဆတ်ဆတ် နိုင်လှသော ဆူးကလေးများကဲ့သို့
မထီလေးစား နိုင်တတ်သည်။
ရံဖန်ရံခါ မပာုတ်ခြင်းတစ်ခုမှာ နှင်းဆီနီစွေးစွေး ကဲ့သိုရဲရင့်လှသော ဓါးတစ်လက်၏ဓလေ့ကို အမြဲတစေ
ကျင့်သုံး ထားသူ ဖြစ်သည်။
ငယ်စဉ်က ဖတ်ဖူးသောပုံ ပြင်၌ လမင်းအား ရေပုံးထဲသို့ထည့်ကာဖမ်းသောသတ္တဝါ ကို သနားမိသည်။
အဘယ်ကြောင့် ဤမျှ လောဘကြီး ရပါသနည်း။
ကျမကတော့ လမင်းထံမှ အလင်းတစ်မူန်သာ အလိုရှိပါသည်။ လမင်းတစ်ခုလုံးအား သိမ်းဆည်းချင်သည့် သတ္တဝါလေး နှင့် ယှဉ်လျှင်တော့ ကျမသည် လောဘနည်းသူ ဖြစ်ပါလိမ့်မည်။ တကယ်တမ်းတော့ အလင်းတစ်မှုန်ကိုသာ ထိန်းသိမ်းချင်ခဲ့သူ ကျမက သတ္တိနည်းသူတစ်ဦးလေ..။
အလင်းတစ်မှုန်အတွက် လောက်သာ မိမိကိုယ်ကိုယုံကြည်မှုရှိသူ...
(၃)စံပယ်ပန်းနံ့တို့မွှေး၍ နေလေသည်။ စံပယ်ရနံ့တို့သည်သူ့အားထွေးပိုက် ရစ်ခြုံထားလေသည်။
ထိုနေ့က မှတ်မှတ်ရရ စံပယ်တစ်ဆုပ်သူ့လက်ထဲမှလွတ်ကျလာသည်။
အချို့မှာ... မြေပြင်သို့ဆင်းသက်ကျသည်။
အချို့မှာ... ကျမ၏လက်ဖ၀ါး၌ နားခိုကြ၏။
အချို့မှာမူ... ကျမ၏ ပုခုံးစွန်းတွင် တင်ကျန်ရစ်သည်။
အချို့ကား......ကျမ၏ ဦးခေါင်းထက်တွင် ပွင့်လန်းကြကုန်သည်။
စံပယ်တွေကလှလိုက်တာ...
ကောင်းကင်က တိမ်ပြာပြာနဲ့အပြိုင် ကို လှနေတာ...
လိပ်ပြာသန့်သန့်တင့်တယ်နေသော အလှသည် သိမ်းဆည်းဖို့အကောင်းဆုံး အမှတ်တရဖြစ်နိုင်သည်။
စက္ကူစွန်နှင့် ရစ်ဘီး၏ ဆက်နွယ်မှုမျိုး ကိုကျမ တူးတူးခါးခါး မုန်းပါသည်။ စွန်သည် ကောင်းကင်၌ လွတ်လပ်စွာပျံသန်းခွင့်ရသည်ပာု အချို့က ထင်ကြသည်။အလကား စကားတွေ။
ဘယ်မှာများ လွတ်လပ်စွာ ပျံလို့ရနိုင်သလဲ။
ရစ်ဘီးရဲ့ထိန်းချုပ်မူအောက်က စက္ကူတစ်စသည် လွတ်လွတ်လပ်လပ် ပျံနိုင်သတဲ့လား။ တကယ်က စွန်သည် ရစ်ဘီးဆီမှာ နည်းစနစ်ကျနစွာနဲ့ကို ကြိုးတုပ် ခံထားရခြင်းသာ မပာုတ်လား။
ကျမ ရစ်ဘီး မဖြစ်လို။ ထိုသို့ပင် သူ့အား စွန်ကလေး မဖြစ်စေချင်ခဲ့။
ပြောရဲပါသည်...ကျမ စေတနာတို့ တိမ်ထက်ပင်ပိုဖြူခဲ့သည်။
(၄)မေ့နေခဲ့သည်အချက်မှာ နှလုံးသွေးခုန်နှုန်းတစ်ချက်သည် ပုံပြင်တစ်ပုဒ် ပြောပြရန်တော့ စကားလုံး အလုံအလောက် ရှိနေခြင်းပင် ဖြစ်သည်။
သူသည် နှင်းစက်တို့ ညည်းသံကို မကြားရသော နွေဦးပေါက်၌ ထွက်သွားခဲ့သည်။
ကျမကတော့ အလေ့ကျ ပေါက်လေ့ပေါက်ထ ရှိသော သံယောဇဉ် တို့ကို အားနာစွာ ငဲ့ကြည့်မိသည်။ အနည်းဆုံးတော့ သူတို့အား ကျမ တောင်းပန်စကား ဆိုသင့်သည်ထင်သည်။ လက်ဆွဲနှုတ်ဆက် ကြည့်တော့ သူတို့က သွားတော့နော် ပာုဆိုသည်။ သြော်..သံယောဇဉ်တွေက အဆုံးမရှိအောင် ယဉ်ကျေးလိုက်ကြတာ။
ိထိုနောက် ခပ်ရေးရေး မြင်ရသေးသည့် သူ့ကျောပြင်အား လှမ်းကြည့်မိသည်။
သူ့အကြောင်းကို ကျမ အသေးစိတ်မသိခဲ့ပါ။ လရောင်နဲ့ သေသေသပ်သပ် ထုတ်ပိုးထားသော ၀ှက်ဖဲတစ်ချက်အား ဖွင့်ကြည့်ဖို့ ကို ကျမ မည်သည်အခါကမှ စိတ်မကူးဖူးသောကြောင့်ပင်ဖြစ်သည်။
သူသည် ကျမ၏ ကိုယ်ပိုင် အနုပညာစလေးတစ်စ ဖြစ်ခဲ့သည်။ထိုအရာလေး ကို ရှုပ်ထွေးလှသော ဘ၀အရေးတို့နဲ မရောရက်ခဲ့ပါ။ အဘယ်အငြိုးအတေး ကြောင့် လှောင်ချိုင့်ထဲ ရော ထည့်ရက်ပါ့မလဲ။ လွင့်၍ပျော်ကာ၊ ပျော် ၍ သာလွင့်စေလိုသည်။
သေချာသည်က သူ အသည်းမကွဲသွား ခဲ့ပါ။ ကျမလည်း လွမ်းမကျန်ရစ်ခဲ့ပါ။ သို့သော်လည်း မိုးဦး ကာလ၌ ပွင့်လန်းသော စံပယ်များကိုမြင်တိုင်းတော့ မတော်တဆ သတိရတတ်သည်။
Saturday, October 9, 2010
A review of marche'

me trying to act cool =)
I have been going out for nice foods with my friends in these day. This pic was taken in Marche',a Swiss Market Restaurant!. :D Actually, I went to 313 shopping mall with lei phyu and Su-myat for shopping and had no plan to dine there. However, Lei-phyu was promoting Marche for free, and I said "YES, lets EAT!"lol
I have never been to Switzerland before and so yea it was my first to try some Swiss foods in Singapore! Of course, I was so excited as soon as I entered there. Upon entering, the receptionist handed me a ATM-type card thing and explained how to use it. I did not hear properly what she said as my attention was on the foods behind her. ha ha! Consequently, Lei-Phyu had to re-explain later.You know, the atmosphere was totally amazing and what I exactly felt was like a kid in a candy world!! I wanted to order everything as they all looked just so yummy and I could even hear my stomach making some noise inside.=P

This is for dessert!
Su myat joined us after I had delicious smoked salmon. She said she had her lunch at home and just ordered a drink. Then, marche`'s foods convinced her to share a grilled pork with me. ha ha! Lei Phyu was right, the foods are cooked just right and they are neither vapid nor dry. Though I had smoked salmon and grilled pork with mashed potato I was not so sure if i was feeling fully full =P. About the price, it is from average to expensive and depends on what and how much you order. It cost me around $ 28 for ordering two meals.
Oh, I almost forget to mention the best thing of this restaurant which is you can freely go around in that market-like restaurant and order what you want to cook in front of you and swipe that card thing. And yes, pay only at the exit! Sounds Wow, huh? I guess, it is A "MUST" to try out when you go to 313 in Somerset!Yes, I am considered as a fan of Marche` now! :) I am so sorry that I could not take much pictures as I was super busy with enjoying my lunch ;)
My bad! My bad!
Anyway, As recent posts on my blog are so wordy and some says its kind of boring . I thus put up some photos to look fascinating. =) And I do hope you all would enjoy my tiny review of Marche`.
Good night world :)
Subscribe to:
Posts (Atom)